Anime Site Anime Streaming XXX Android App Movie Streaming
မင်္ဂလာပါရှင့် ညီမက Website ရေးသားသူ Shoon ပါ Facebook Account မှာ ဇာတ်ကားတွေလာတောင်းနိုင်ပါတယ်။ လာရောက် ကြည့်ရှုသူအားလုံးကျေးဇူးပါရှင့် 🙏

Movie Detail

Back to the Wharf (2020)

ဆုန့်ဟောက်ဟာစာတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ ကောလိပ်ကိုတိုက်ရိုက်ဝင်ခွင့်ရတဲ့သူဖြစ်ဖို့ရွေးချယ်ခံရတာပါ ဒါပေမယ့်လည်းကျောင်းကကျောင်းအုပ်ဟာမျက်နှာလိုက်ပြီးတော့ ကောလိပ်ဝင်ခွင့်ကိုမြို့တော်ဝန်သားဖြစ်သူလီထန်ကိုပြောင်းပေးလိုက်ပါတယ် လီထန်ဆိုတာကလည်းဆုန့်ဟောက်ရဲ့ညီအစ်ကိုလိုခင်ရတဲ့သူငယ်ချင်းဖြစ်နေပါတယ် ဆုန့်ဟောက်ဟာအကြောင်းစုံကိုမေးမြန်းဖို့အတွက်လီထန်အိမ်ကိုသွားရမှအိမ်မှားဝင်မိကာ သူခိုးဆိုပြီးအထင်မှားစွပ်စွဲခံရပါတော့တယ် အိမ်ရှင်နဲ့ရုန်းရင်းဆန်ခတ်ဖြစ်ကြရင်းမတော်တဆ အိမ်ရှင်လူကြီးကိုဓားနဲ့ထိုးမိသွားပါတယ် ဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့ဆုန့်ဟောက်အဖေဟာ သူ့သားကိုကာကွယ်ဖို့ အတွက် မသေသေးတဲ့အိမ်ရှင်လူကြီးကိုသူကိုယ်တိုင်ပဲသတ်ပစ်လိုက်ပါတယ် ဆုန့်ဟောက်ဟာထောင်ကျမှာကြောက်တဲ့အတွက်အိမ်ကနေထွက်ပြေးသွားပါတော့တယ် လူသတ်မှုကိုဘယ်သူမှမမြင်လိုက်ဘူးလို့ထင်ခဲ့ကြပေမယ့်သူတို့မမြင်လိုက်တဲ့ မျက်မြင် သက်သေ တစ်ယောက်ရှိနေတဲ့အခါမှာတော့ ........ ဆုန့်ဟောက်နဲ့သူ့အဖေတို့ဖုံးကွယ်ခဲ့ကြတဲ့လူသတ်မှုဟာအဆုံးမှာ ပေါ်ပေါက်သွားမှာလား ဆိုတာကိုဇာတ်လမ်းထဲမှာဆက်လက် ကြည့်ရှုလိုက်ကြပါဦး


Comments