Anime Site Anime Streaming XXX Android App Movie Streaming
မင်္ဂလာပါရှင့် ညီမက Website ရေးသားသူ Shoon ပါ Facebook Account မှာ ဇာတ်ကားတွေလာတောင်းနိုင်ပါတယ်။ လာရောက် ကြည့်ရှုသူအားလုံးကျေးဇူးပါရှင့် 🙏

Movie Detail

Born a Champion (2021)

မြင်မြင်ချင်းအချစ်ဆိုတာကိုယုံလား........... ဒီကားမှာတော့ Mickey Kelley ဆိုတဲ့လူတစ်ယောက်ဟာ ဒူဘိုင်းကို သွားတဲ့လေယာဉ်ပေါ်မှာ မိန်းမချောလေး Layla ကို မြင်မြင်ချင်း ချစ်ကျွမ်းဝင်ကာ လက်ထပ်ခဲ့ကြပါတယ်။ Mickey Kelley ဆိုတာ အငြိမ်းစားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ဖစ်ပြီးတော့ Jujitsu ကိုယ်ခံပညာကျွမ်းကျင်သူတစ်ယောက်ပါ။ လက်ထပ်ပြီး Layla ကိုယ်ဝန်ရလာချိန်မှာတော့ အရင်ကပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့ စိတ်မဝင်စားခဲ့တဲ့ Mickey Kelley တစ်ယောက်က သားလေးအတွက် ဒူဘိုင်းက ကမ်းလှမ်းတဲ့ ပြိုင်ပွဲတစ်ခုကို လက်ခံခဲ့ပါတယ်။ ဒူဘိုင်းကိုသွားပြီး ယှဉ်ပြိုင်ခဲ့စဉ်မှာတော့ နှစ်ပွဲနိုင်ပြီး Marco Blaine ဆိုတဲ့ ပြိုင်ဘက်ကိုရှုံးနိမ့်ခဲ့ပြီး နှစ်အနည်းငယ်ကြာတော့ သူတို့နှစ်ယောက် ပြိုင်ပွဲဗီဒီယိုက ပြန့်သွားခဲ့ပါတယ်။ လူတွေက Mickey Kelley နဲ့ Marco Blaine တို့ရဲ့ Rematch ပွဲအတွက် တောင်းဆိုခဲ့ကြပါတယ်။ ဒါနဲ့ပဲ အရင်ပြိုင်ပွဲမှာ မျက်လုံးဒဏ်ရာရခဲ့တဲ့ Mickey တစ်ယောက် သူရှုံးခဲ့တဲ့ Marco blaine ကို ပြန်လည်ထိုးသတ်ဖို့ဖြစ်လာပါတော့တယ် Mickey Kelley တစ်ယောက် Marco Blaine ကိုပြန်လည်အနိုင်ပါ့မလား ထပ်ပြီးရှုံးအုံးမလားဆိုတာ ဒီကားထဲမှာဆက်လက်ကြည့်ရှုကြပါအုံး ဒီကားမှာ Jujitsu ဆိုတာ ဘယ်လိုကိုယ်ခံပညာလဲဆိုတာကိုလဲတွေ့ရမှာဖြစ်ပါတယ်။


Comments