Anime Site Anime Streaming XXX Android App Movie Streaming
မင်္ဂလာပါရှင့် ညီမက Website ရေးသားသူ Shoon ပါ Facebook Account မှာ ဇာတ်ကားတွေလာတောင်းနိုင်ပါတယ်။ လာရောက် ကြည့်ရှုသူအားလုံးကျေးဇူးပါရှင့် 🙏

Movie Detail

No Man's Land (2011)

ဘောစနီးယန်းနဲ့ ဆားဘီးယန်းတို့ စစ်ပွဲဖြစ်နေချိန် ရှေ့တန်းကို တပ်ကူဖို့လာခဲ့တဲ့ ဘော့စနီးယားဆေးတပ်သားအဖွဲ့ဟာ ညဖက်ကြီးထွက်လာခဲ့တယ်….ညကလည်းမှောင် မြူနှင်းတွေကလည်း ရှေ့တပြကို မမြင်ရလောက်အောင်ထူထပ်တာမို့ ခရီးဆက်မထွက်ဘဲ အဆင်ပြေတဲ့နေရာတစ်ခုကိုရွေးပြီး ယာယီနားဖို့ကြိုးစားကြတယ်…မနက်မိုးလင်းလို့ နေရောင်ထွက်လာချိန် သူတို့ဘေးဘီဝဲယာကို စူးစမ်းကြည့်လိုက်တဲ့အခါမှာတော့ သူတို့ရောက်နေတာ တစ်ဘက်ရန်သူဖြစ်တဲ့ ဆားဘီးယန်းရှေ့တန်းတပ်ဖွဲ့ရှေ့တည့်တည့်ဆီကို ရောက်နေတာသိလိုက်ရချိန်မှာတော့ သူတို့နောက်ကျသွားပါပြီ….. ဆားဘီးယန်းရှေ့တန်းတပ်ဖွဲ့ရဲ့အကြိုက်ပါပဲ..ပစ်ကွင်းမြင်ကွင်းရှင်းသလို အပေါ်စီးကနေ အတွဲလိုက်ဆွဲတဲ့နောက်မှာတော့ ဘောစနီးယန်းအဖွဲ့ ကျည်ဆံဖျားမှာ သက်တွေတဖြုတ်ဖြုတ်ကြွေကုန်တယ်…ဒီအထဲကမှာ စီကီတစ်ယောက်ကတော့ ကံကောင်းရှာတယ်ပြောရမလားပဲ …နီးစပ်ရာကတုတ်ကျင်းထဲ ပြေးပုန်းနိုင်ခဲ့တယ်..ကျန်တဲ့သူတွေတော့အကုန်သေဆုံးသွားတယ်… ဒီနောက်မှာတော့ ဘော့စနီးယားတပ်သားစီကီတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားနိုင်မလား… ဆားဘီးယန်းတွေရဲ့ ကင်းထောက်အဖွဲ့ရန်ကနေ ဘယ်လိုရုန်းကန်မလဲ…သူ့ဆီကိုရော ဘယ်လိုလူမျုျိးတွေရောက်လာမလဲ…ဒီကားက ၁၉၉၃ခုနှစ် ဘော့စနီးယားစစ်ပွဲကာလကြီးကိုအခြေခံရိုက်ကူးထားတာပါ…စစ်ပွဲဟာ အကျအဆုံးပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာရှိခဲ့ပေမယ့် သမိုင်းမှာတော့ ရိုးတိုးရိပ်တိတ်သာရှိခဲ့တယ်… ဒီဇာတ်ကားဟာ ဘော့စနီးယား ဒါရိုက်တာနဲ့စာရေးသူ Danis Tanovic ရဲ့ ပထမဆုံးဖန်တီးမှုဖြစ်တယ်။ ပထမဆုံးလို့မဆိုသာအောင်ဘဲ ဇာတ်ကားဟာ လှပတယ်။ အပြစ်ဆိုနိုင်ဖွယ်ရာ မရှိဘူး။ ပေးချင်တဲ့ Message တွေကလည်းတကယ့်ကိုကောင်းလှတယ်..အစမှအဆုံးထိဆွဲခေါ်သွားတယ်… ဒါ့ကြောင့်လည်းဆုပေါင်းများစွာရရှိထားတယ်… Rotten Tomatoes 93% ရထားတဲ့ကားဆိုတော့ အထူးတလည်ညွန်းစရာတော့လိုမယ်မထင်ပါဘူး။


Comments