Anime Site Anime Streaming XXX Android App Movie Streaming
မင်္ဂလာပါရှင့် ညီမက Website ရေးသားသူ Shoon ပါ Facebook Account မှာ ဇာတ်ကားတွေလာတောင်းနိုင်ပါတယ်။ လာရောက် ကြည့်ရှုသူအားလုံးကျေးဇူးပါရှင့် 🙏

Movie Detail

Nocturne (2020)

ဇာတ်ကားအကျဉ်းလေးကတော့ ဗီဗီယန်နဲ့ ဂျုလီယက် ဆိုတဲ့အမြွှာညီမ နှစ်ယောက်ဟာ ပီယာနိုတီးတာအထူး ကျွမ်းကျင်သလို အနုပညာကျောင်းမှာလည်းအတူတူတက်နေကြပါတယ် အစ်မဖြစ်သူ ဗီဗီယန်ဟာ ကျောင်းမှာ နာမည်ကြီးသလို ကမ္ဘာ့အကောင်းဆုံးအနုပညာကျောင်းမှာဆက်လက်တက်ရောက်ဖို့ တစ်ပေးခံထားရသူလည်းဖြစ်တယ် ညီမဖြစ်သူ ဂျုလီယက်ကတော့ ဗီဗီယန်နဲ့ပြောင်းပြန်ပါပဲ အနေအေးသလို အရှက်အကြောက်ကြီးတယ်။ ဒီလိုနဲ့ နွေရာသီ ကျောင်းပိတ်ရက် ပြီးခါနီးလို့ ကျောင်းပြန်တက်ခါနီးအချိန်မှာ သူတို့ကျောင်းမှာ အတော်ဆုံးဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ မော်ရာ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်။ ကျောင်းပြန်တက်တဲ့အခါ ကျောင်းအုပ်ကမော်ရာရဲ့သေဆုံးမှုအမှတ်တရအနေနဲ့ concerto ပြိုင်ပွဲကိုဆက်လုပ်ဖို့အတွက် Music မေဂျာစီနီယာတွေကိုအကုန်လုံးကိုပြိုင်ပွဲဝင်ဖို့ကျောင်းဖွင့်မိန့်ခွန်းမှာပြောကြားခဲ့တယ်။ ဒီပွဲက စီနီယာတွေအတွက်အခွင့်တစ်ရပ်ဖြစ်တဲ့အတွက် ဗီဗီယန်တို့ညီအစ်မနှစ်ယောက်ကလဲ အထူးပစ်မှတ်ထားနေကြတယ်။ ဒီလိုနဲ့ တစ်နေ့ကျောင်းစာကြည့်တိုက်မှာသေဆုံးသူ မော်ရာပစ္စည်းတွေ ကိုရှင်းလင်းရင်းနဲ့ ထူးဆန်းတဲ့ သင်္ကေတပုံကြမ်းတွေပါတဲ့ မော်ရာသံစဉ်စာအုပ်ကိုဂျုလီယက်ကအမှတ်မထင်ရသွားတဲ့အခါမှာတော့ ဘယ်လိုတွေစိတ်ဝင်တစားဖြစ်ရပ်တွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး


Comments