Anime Site Anime Streaming XXX Android App Movie Streaming
မင်္ဂလာပါရှင့် ညီမက Website ရေးသားသူ Shoon ပါ Facebook Account မှာ ဇာတ်ကားတွေလာတောင်းနိုင်ပါတယ်။ လာရောက် ကြည့်ရှုသူအားလုံးကျေးဇူးပါရှင့် 🙏

Serie Detail

Bridal Mask (2012)

ဒီဇာတ်လမ်းတွဲကို ၁၉၃၀ ခုနှစ် ကိုရီးယား (ဆိုးလ်) ဖက်ဆစ်ဂျပန် သမိုင်းဝင် တော်လှန်ပုန်ကန်မှု အရေးအခင်းတစ်ခုကို ဦးဆောင်ခဲ့တဲ့ ညီအစ်ကိုနှစ်ဦးကို အဓိကထား ဇာတ်ရုပ်တည်ထားတဲ့ ဇာတ်ကားပါ။ မင်းသားလုပ်တဲ့ Lee Kang To ကတော့ ပထမပိုင်းမှာ ဖက်ဆစ်ဂျပန်တွေရဲ့ အရာရှိတစ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီး ကျပ်မပြည့်တဲ့ သူ့ရဲ့အစ်ကိုတစ်ယောက် အရမ်းခင်တဲ့ သူငယ်ချင်းကျောင်းဆရာတစ်ယောက်နဲ့ ဇာတ်အိမ်ဖွဲ့စည်းထားတာပါ။ ကိုယ့်လူမျိုးကို ခိုင်းစေညှင်းပန်းနှိပ်စက်နေတာကို မကြည့်နိုင်တဲ့လူတစ်ယောက်က မျက်နှာဖုံးစွပ်ပြီး နောက်ကွယ်ကနေ ဂျပန်လက်ပါးစေတွေရဲ့လုပ်သမျှ အလုပ်မှန်သမျှ လိုက်လံနှောက်ယှက်ပြီး ဂျပန်တွေကလည်း မျက်နှာဖုံးစွပ်လူကို တွေ့တဲ့နေရာမှာ အသေသတ်ဖို့ အမိန့်ထုတ်ထားခဲ့တာပါ။ ဒီနေရာမှာ ဖက်ဆစ်ဂျပန်တွေရဲ့ အားကိုးရတဲ့လက်ရုံးအရာရှိတစ်ဦးဖြစ်နေတဲ့ မင်းသားကြီး Lee Kang To ကတော့ မျက်နှာဖုံးစွပ်လူကို လိုက်လံဖမ်းဆီးဖို့ အဓိက တာဝန်ပေးခံရတာပါ။ လိုက်လံဖမ်းဆီးရင် မျက်နှာဖုံးစွပ်နဲ့ ဖက်ဆစ်တွေကို တော်လှန်နေတဲ့သူက သူ့ရဲ့ကျပ်မပြည့်ယောင်ဆောင်နေတဲ့ သူ့အစ်ကိုအရင်းဖြစ်နေပါတယ်။ အစ်ကိုကို ကိုယ့်လက်နဲ့ သတ်လိုက်ပြီး အစ်ကို့ရဲ့ မျက်နှာဖုံးစွပ်နေရာကို မင်းသား Lee Kang To က တာဝန်လွှဲပြောင်းယူလိုက်ပါတော့တယ်။ ဒီနေရာမှာ ဇာတ်လမ်းက မင်းသား Lee Kang To က မျက်နှာနှစ်ဖက်နဲ့ နေနေရတာပါ။ တစ်ဖက်ကတော့ ဖက်ဆစ်ဂျပန်ရဲ့ အရာရှိတစ်ဦးဖြစ်သလို တစ်ဖက်မှာတော့ ဖက်ဆစ်ဂျပန်တွေကို နောက်ကွယ်ကနေ တော်လှန်နေတဲ့ လူတစ်ဦးလည်းဖြစ်နေခဲ့ပါတယ်။ မထင်မှတ်ဘဲ မင်းသား Lee Kang To ရဲ့အခင်ဆုံးသူငယ်ချင်း ကျောင်းဆရာက သူ့အဖေရဲ့ စေခိုင်းမှုကြောင့် ကျောင်းဆရာအလုပ်ကနေနားပြီး ဖက်ဆစ်ဂျပန်ရဲ့အရာရှိတစ်ဦးအဖြစ် ခန့်အပ်လိုက်ချိန်မှာတော့....ဘာတွေဆက်ဖြစ်ကြမလဲ... သူငယ်ချင်းကို အသိပေးမှာလား..... အသိမပေးဘဲ သူငယ်ချင်းကို သတ်မှာလား.... ဒါမှမဟုတ် အရှုံးပေးလိုက်မှာလား ဆိုတာကိုတော့ ကျနော်ဆက်မရေးတော့ပါဘူး


Comments