Anime Site Anime Streaming XXX Android App Movie Streaming
မင်္ဂလာပါရှင့် ညီမက Website ရေးသားသူ Shoon ပါ Facebook Account မှာ ဇာတ်ကားတွေလာတောင်းနိုင်ပါတယ်။ လာရောက် ကြည့်ရှုသူအားလုံးကျေးဇူးပါရှင့် 🙏

Serie Detail

Bubble Gum (2015)

Online ပေါ်မှာ ရှိပြီးသားဖြစ်တဲ့ ဒီစီးရီးလေးက ဘာသာပြန် မပြည့်မစုံနဲ့ မို့ ဘာသာပြန်အပြည့်အစုံကို (1080p) ဖြင့် တင်ဆက်ပေးလိုက်ပါတယ်။ မင်းသားက ဦးဦးသေမင်းလို့ နာမည်ကြီးတဲ့ Lee Dong-wook နဲ့ Wok of Love ထဲက မင်းသမီး Jung Ryeo-won တို့ အဓိက ပါဝင်ထားပြီး အပိုင်းအရေအတွက် (၁၆)ပိုင်းရှိပါတယ်။ Park Ri-hwan က ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ဆရာဝန်တစ်ဦးဖြစ်ပါတယ်။သူရဲ့ ငယ်ဘ၀တည်းက အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Kim Haeng Ah ကတော့ရေဒီယိုပရိုဂျူဆာတစ်ယောက်ဖြစ်ပါတယ်။ Kim Haeng Ah ရဲ့ မိဘနှစ်ပါးလုံးက သူမငယ်ငယ်တည်းကဆုံးသွားကြပြီး သူမကိုတော့ Park Ri-hwanရဲ့ အမေက စောင့်ရှောက်ပေးခဲ့တယ်။ ငယ်စဉ်တည်းက တစ်ယောက်ကိုတစ်ယောက် နားလည်မှု ၊ စာနာမှုတွေနဲ့ ချစ်ခင်ခဲ့ကြတဲ့ သူတို့ သူငယ်ချင်း(၂)ဦးဟာ အရွယ်ရောက်လာတာနဲ့ တချိူ့ ခံစားချက်တွေပါ ရှိလာပါတော့တယ်။ ဒါပေမယ့် သူမကို စောင့်ရှောက်ပေးခဲ့တဲ့ Ri-hwan ရဲ့ မိခင်ကိုလည်း အားနာတာကြောင့် သူမရဲ့ ခံစားချက်တွေကို မထုတ်ဖော်ရဲခဲ့ဘူး။ ဒီလိုနဲ့ပဲ အခက်အခဲတွေ ကြုံလာရင်း တခြားသူတွေပါ သူတို့ရဲ့ ဘ၀ထဲ ဝင်ရောက်ပတ်သက်လာတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကတော့ ဒီ romance ဆန်ဆန် အချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုလိုက်ပါဦးနော်......


Comments