Anime Site Anime Streaming XXX Android App Movie Streaming
မင်္ဂလာပါရှင့် ညီမက Website ရေးသားသူ Shoon ပါ Facebook Account မှာ ဇာတ်ကားတွေလာတောင်းနိုင်ပါတယ်။ လာရောက် ကြည့်ရှုသူအားလုံးကျေးဇူးပါရှင့် 🙏

Serie Detail

Chicago Typewriter (2017)

၁၉၃၀ ကိုရီးယားနိုင်ငံကြီး(နှစ်ခြမ်းမကွဲခင်ပေါ့ 😁) ဂျပန်လက်အောက် ကျရောက်တဲ့အချိန်က လူသုံးယောက်ဟာ ဒီဘက်ခေတ်အချိန်မှာ လူဝင်စား ပြန်ဖြစ်ကြပါတယ်။ သူတို့သုံးယောက်နဲ့ ရှေးဟောင်းလက်နှိပ်စက်တစ်လုံးကြားက ဆက်စပ်မှုတွေကို စိတ်ဝင်တစား ကြည့်ရှုမယ့် Ongoing Drama လေးဖြစ်ပါတယ်... - ပရိသတ်တွေရဲ့ Idol တစ်ယောက်လိုမျိုး Best Seller စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Han Se Ju အဖြစ် Yoo Ah In (Sungkyunkwan Scandal ဆောင်ဂျန်ဂွမ် အရှုပ်တော်ပုံ, Fashion King, Jang Ok Jung, Six Flying Dragon ပြည်တော်သစ်ဆီသို့ ထဲမွ နာမည်ကြီးမင်းသားတစ်လက်..... ) - Han Se Ju ရဲ့ Biggest Fan Jeon Seol အဖြစ်မင်းသမီး Lim Soo Jung (Search: WWW) ( Movie တွေသာအရိုက်များတဲ့ မင်းသမီးဖြစ်ပြီးတော့ Chicago Typewriter series က သူမရဲ့ ပထမဆုံး စရိုက်တဲ့ series ဖြစ်ပါတယ်) - Jazz ဂီတကိုကြိုက်နှစ်သက်ပြီး စာအရေးအသားတော်သူ နောက်ကွယ်ကနေ စာရေးပေးသည့် စာရေးဆရာ Yoo Jin O အဖြစ် Go Kyung Pyo (အရံမင်းသားအဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်ဖြစ်ခဲ့ပြီး.. Reply 1988 , Jealousy Incarnate series တွေနဲ့ လူသိပိုမ်ားလာတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်) သူတို့ သူတို့လို နာမည်ကြီးတွေက ပါဝင်သရုပ်ဆောင်ထားသည့်အပြင်.. - စာရေးဆရာ Baek Tae Min အဖြစ် မင်းသား Kwak Si Yang - စာအုပ်ထုတ်ဝေသူ CEO အဖြစ် Jo Woo Jin (Goblin ထဲက Yoo Dok Hwa ရဲ့အတွင်းရေးမှုး အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အကလဲ တော်တဲ့ ဦးလေးကြီးပါ..😁😁) - Jeon Seol ရဲ့ သူငယ်ချင်း အဖြစ် မင်းသမီး Yang Jin Sung (Bride of The Century ဇာတ္ကားထဲက နှစ်ကိုယ်ခွဲ ဇာတ်ရုပ် သရုပ်ဆောင်ခဲ့တဲ့ ချစ်ဖို့ကောင်းလှတဲ့ မင်းသမီးလေးပါ.. ) Fantasy Romance Drama အမျိုးအစားလေးဖြစ်ပြီးတော့... TvN ကထုတ်လွှင့်ခဲ့တဲ့ Goblin လို Romance ဆန်းဆန်းလေးတွေ ပေးစွမ်းမယ့် Series လေးဖြစ်ပါတယ်.... 😁😁


Comments